၁၃.၃.၂၀၂၆ ရက်ယနေ့၊ ၀၅ နာရီ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ သာစည်ရပ်၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုးညှင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၅ နာရီ၂၅ မိနစ်အချိန် မီးငြိမ်းပါသည်။



