ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသအတွင်းသို့ ဝင်ရောက်မည့်စက်သုံးဆီများကို စစ်ဆေးကန့်သတ်နေသဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး၊ တစ်လီတာဈေးနှုန်း ၁ သောင်းကျော် အထိဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။ကတုံးပေါ်ဆိပ်ကမ်းမှ ဓာတ်ဆီခွဲတမ်းများကို ယခင်ကနားလည်မှုဖြင့် ကြာအင်းဆိပ်ကြီးဘက် တင်သွင်းနေသာ်လည်း ယခု၌ မွန်ပြည်နယ် ဆီခွဲတမ်းရရှိမှုခက်ခဲလာသည့်အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ဆီပြတ်လပ်မှုဖြစ်နေကြောင်းလည်း သိရသည်။ကြာအင်းဆိပ်ကြီးမြို့တစ်ဝိုက်ရှိ ဆီဆိုင် ၆ ဆိုင်ထက်မနည်းဓာတ်ဆီပြတ်လပ်မှုကြောင့် ပိတ်ထားရဆဲဖြစ်ပြီ၊ လက်ကျန် ဓာတ်ဆီဆိုင်များမှ တစ်လီတာလျှင် ၈,၀၀၀ ကျပ် မှ ၁၀,၀၀၀ ကျပ်အထိ ဝယ်ယူအသုံးပြုနေရသည်ဟု ဝေသာလီဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။



