back

စင်ကာပူဆရာဝန်တစ်ဦး ကျောက်ကပ်ခွဲစိတ်မှုတွင် သွေးကြောမှားယွင်းဖြတ်တောက်မိ၍ လူနာသေဆုံးမှုဖြင့် တရားစွဲဆိုခံရ

Mar 13 • 1:58 AM

breaking-news

Singapore

Local News

cover

စင်ကာပူဆရာဝန်တစ်ဦး ကျောက်ကပ်ခွဲစိတ်မှုတွင် သွေးကြောမှားယွင်းဖြတ်တောက်မိ၍ လူနာသေဆုံးမှုဖြင့် တရားစွဲဆိုခံရ

Raffles Hospital မှ အသက် ၅၄ နှစ်အရွယ် စင်ကာပူနိုင်ငံသား ဆရာဝန် Fong Yan Kit ကို ခွဲစိတ်မှုအတွင်း ပေါ့ဆမှုကြောင့် အသက် ၆၃ နှစ်အရွယ် လူနာအမျိုးသမီးတစ်ဦး သေဆုံးစေခ...

Raffles Hospital မှ အသက် ၅၄ နှစ်အရွယ် စင်ကာပူနိုင်ငံသား ဆရာဝန် Fong Yan Kit ကို ခွဲစိတ်မှုအတွင်း ပေါ့ဆမှုကြောင့် အသက် ၆၃ နှစ်အရွယ် လူနာအမျိုးသမီးတစ်ဦး သေဆုံးစေခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီကနေ့မှာ ရုံးတင်တရားစွဲဆိုလိုက်ပါတယ်၊၊ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က အဆိုပါ လူနာအမျိုးသမီးဟာ ကျောက်ကပ်မှာရှိတဲ့ အကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်မှု ခံယူခဲ့တာ ဖြစ်ပါတယ်၊၊ ခွဲစိတ်စဉ်အတွင်း ဆရာဝန်က ဝမ်းဗိုက်အတွင်းရှိ အဓိကသွေးလွှတ်ကြောမကြီး နှစ်ခုကို မှားယွင်းဖြတ်တောက်မိခဲ့ပြီး သေချာပြန်လည်စစ်ဆေးခြင်းမရှိဘဲ ခွဲစိတ်မှုကို အဆုံးသတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်၊၊ဒီအမှားကြောင့် လူနာရဲ့ ဝမ်းဗိုက်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေကို သွေးပံ့ပိုးမှု ပြတ်တောက်သွားခဲ့ပါတယ်၊၊ ခွဲစိတ်ပြီးနောက် လူနာဟာ ဆက်တိုက်နေထိုင်မကောင်းဖြစ်နေခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ခွဲစိတ်မှုမှာ သွေးကြောမှားဖြတ်မိခဲ့တာကို တွေ့ရှိခဲ့တာပါ၊၊ သွေးကြောတွေကို ပြန်လည်ဆက်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ လူနာရဲ့ အခြေအနေဟာ အလွန်ဆိုးရွားနေတာကြောင့် ခွဲစိတ်မှုအပြီး ၃ ရက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်၊၊အဆိုပါ ဆရာဝန်ဟာ သူ့ရဲ့ ကနဦးဆေးဘက်ဆိုင်ရာ အစီရင်ခံစာတွေမှာ သွေးကြောမှားဖြတ်မိတဲ့ အမှားကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်၊၊ လက်ရှိအချိန်အထိတော့ သူဟာ Raffles Hospital မှာ ဆရာဝန်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး တရားရုံးမှာတော့ အပြစ်ရှိမရှိဆိုတာကို တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး၊၊


news-view-count-icon

9