back

ချင်းပြည်နယ်၊ပလက်ဝမှာ ဆုတောင်းပွဲသွားတဲ့ ဆယ်တန်းကျောင်းသူတဦး ချောင်းအတွင်း ရေနစ်သေဆုံး

Mar 13 • 1:57 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်၊ပလက်ဝမှာ ဆုတောင်းပွဲသွားတဲ့ ဆယ်တန်းကျောင်းသူတဦး ချောင်းအတွင်း ရေနစ်သေဆုံး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်ရှိ ဘုံလိုင်ကျေးရွာမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲသို့ သွားရောက်ခဲ့တဲ့ ဆယ်တန်း ကျောင်းသူတဦး ရေချိုးရာမှ ရေနစ်သေဆုံးခဲ့တယ်လို့...

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်ရှိ ဘုံလိုင်ကျေးရွာမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲသို့ သွားရောက်ခဲ့တဲ့ ဆယ်တန်း ကျောင်းသူတဦး ရေချိုးရာမှ ရေနစ်သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ ဒေသခံတဦးက ပြောပါတယ်။သေဆုံးသူမှာ ပလက်ဝမြို့နယ်၊ စင်ကီတောင်ကျေးရွာမှ မမေရီဂျွန်း အသက် ၂၀ နှစ်အရွယ်ဖြစ်ပြီး သူမဟာ Grade 12 တန်း ကျောင်းသူတဦးလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်မှာ သူငယ်ချင်းတွေနဲ့ အတူ ဘုံလိုင်ချောင်းအတွင်း ရေချိုးကြစဉ် အခုလို မတော်တဆဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ရေချိုးနေစဉ်အတွင်း မမေရီဂျွန်းအပါအဝင် အမျိုးသမီးငယ် ၄ ဦးစလုံး ရေနစ်ခဲ့ကြခြင်းဖြစ်ပြီး အနီးနားရှိသူတွေက ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြပါတယ်။ဒါပေမဲ့ အမျိုးသမီးငယ် ၃ ဦးကို အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့ပေမဲ့ မမေရီဂျွန်းကိုမူ ကယ်တင်နိုင်ခြင်းမရှိဘဲ ရေနစ်သေဆုံးခဲ့ရတာဖြစ်လို့ သိရပါတယ်။

news-view-count-icon

13