ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုအတွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့ကျောင်းသူ၊ ကျောင်းသားဦးရေဟာ ၁,၆ဝဝ ကျော်သာရှိတယ်လို့ ယမန်နေ့ မတ်လ ၁၂ ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။အဲဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရခိုင် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ စာစစ်ဌာန (၁ဝ)ခုနဲ့ ကျောင်းသူ၊ ကျောင်းသား ၁,၆၉၂ ယောက်သာ ဝင်ရောက်ဖြေဆိုတယ်လို့ ဆိုပါတယ်။အဲဒီမြို့နယ်သုံးခုကနေ ဝင်ရောက်ဖြေဆိုမဲ့သူ ၁,၇၉၉ ယောက်စာရင်းပေးထားပေမဲ့ စာမေးပွဲပထမနေ့မှာ ဖြေဆိုသူ ကျား (၇၉၁)ယောက်နဲ့ မ (၉၀၁)ယောက်၊ စုစုပေါင်း (၁,၆၉၂)ယောက်သာရှိခဲ့ပြီး (၁၀၇)ယောက် ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Mar 13 • 1:56 AM
Myanmar
Rakhine
Share
| 12 | 0 | 0 | 0 |


