back

ရှမ်းပြည်နယ်၊နောင်တရားမြို့ရှိ ရွှေဘုန်းပွင့် စေတီကုန်းတော်ကျောင်းတွင် အင်္ဂလိပ်စကားပြော၊ပအိုဝ်းစာပေနှင့်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး

Mar 13 • 1:55 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊နောင်တရားမြို့ရှိ ရွှေဘုန်းပွင့် စေတီကုန်းတော်ကျောင်းတွင် အင်္ဂလိပ်စကားပြော၊ပအိုဝ်းစာပေနှင့်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး

အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နောင်တရားမြို့ ၊ရွှေဘုန်းပွင့်စေတီကုန်းတော် ရွှေဘုန်းပွင့်ပညာဒါနကျောင်း...

အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နောင်တရားမြို့ ၊ရွှေဘုန်းပွင့်စေတီကုန်းတော် ရွှေဘုန်းပွင့်ပညာဒါနကျောင်းတွင် အင်္ဂလိပ် စကားပြော၊ပအိုဝ်းစာပေနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ သင်တန်းကို နောင်တောင်ဘုန်းကြီး ကျောင်းမှ ဆရာမများနှင့် သံဃာတော်များဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ထိုသင်တန်းတွင် အင်္ဂလိပ်စကားပြော၊ပအိုဝ်းစာပေ နှင့်ယဉ်ကျေးလိမ္မာသင်တန်းတို့ကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ သင်တန်းဖွင့်လှစ်ရခြင်းမှာ မိမိတို့ ဘာသာစကားအပြောအဆိုများကို ပြန်လည်ထိတွေ့ ပြောဆိုမူများ ပိုမိုရရှိလာစေရန်၊မိမိတို့ ဘာသာစာပေကို ရေးတတ်ဖတ်တတ်စေရန် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ထိုသင်ကြားပေးသော ဘာသာရပ်တွင် ပအိုဝ်းလိတ်မွူးစောင်းကို အဓိကသင်ကြားပေးထားကြောင်း ၎င်းသင်တန်းကျောင်းတွင် တက် ရောက်သူ လူငယ်ကလေးများ (၆၀၀)ကျော်နှင့် သင်ကြားပေးသူ ဆရာ/မ (၂၇)ဦးရှိကြောင်း သိရှိရပါသည်။

news-view-count-icon

19