တရုတ်နိုင်ငံက ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်သူများအပါအဝင် အီရန်အရေးနှင့် ဆက်စပ်သည့် ဘက်အသီးသီးနှင့် ဆက်ဆံရေး ဆက်လက်ခိုင်မာအောင် လုပ်ဆောင်မည်ဖြစ်ကာ တင်းမာမှုများ လျှော့ချရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။ ပဋိပက္ခဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ညှိနှိုင်းဆွေးနွေးမှုဘက်သို့ ပြန်လှည့်ရန်၊ နိုင်ငံရေးအရ အဖြေရှာရေးကို လိုက်နာရန် တိုက်တွန်းလျက်ရှိသလို အရှေ့အလယ်ပိုင်းအရေးဆိုင်ရာ တရုတ်နိုင်ငံအစိုးရ အထူးသံတမန်က လက်ရှိတွင် ဒေသတစ်ခွင် သံတမန်ရေးရာခရီးစဉ်များ အဆက်မပြတ်သွားလာလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။



