၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ Mothership သတင်းဌာနမှ ဖော်ပြချက်အရ သိရပါတယ်၊၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာတမ် (Batam) ကျွန်းအကြား ပြေးဆွဲနေတဲ့ ကူးတို့သင်္ဘော (Ferry) လုပ်ငန်းအချို့ဟာ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာတာကို အကြောင်းပြပြီး စက်သုံးဆီအပိုကြေး (Fuel Surcharge) တွေကို မတ်လ ၁၂ ရက်နေ့ကစတင်ကာ ကောက်ခံတော့မှာ ဖြစ်ပါတယ်၊၊အဓိကပြေးဆွဲနေတဲ့ BatamFast၊ Horizon Fast Ferry နဲ့ Majestic Fast Ferry လုပ်ငန်းစုတွေဟာ စင်ကာပူကနေ ဘာတမ်ကိုသွားမယ့် ခရီးစဉ်တွေအတွက် တစ်ဦးလျှင် ၆ ဒေါ်လာ (S$6) အပိုကောက်ခံသွားမှာ ဖြစ်ပါတယ်၊၊ အလားတူ ဘာတမ်ကနေ စင်ကာပူကို ပြန်လာမယ့် ခရီးစဉ်တွေအတွက်လည်း အင်ဒိုနီးရှားရူပီး ၆၅,၀၀၀ (စင်ကာပူဒေါ်လာ ၅ ဒေါ်လာခန့်) အပိုပေးဆောင်ရမှာ ဖြစ်ပါတယ်၊၊ ဒီစက်သုံးဆီအပိုကြေးဟာ မတ်လ ၁၂ ရက်နေ့မတိုင်ခင်က ကြိုတင်ဝယ်ယူထားတဲ့ လက်မှတ်တွေနဲ့လည်း သက်ဆိုင်မှာဖြစ်ပြီး လက်မှတ်သွားရောက်ထုတ်ယူတဲ့ ကောင်တာတွေမှာ သီးသန့်ပေးဆောင်ရမှာ ဖြစ်ပါတယ်၊၊ BatamFast လုပ်ငန်းအနေနဲ့ မလေးရှားနိုင်ငံ Desaru Coast ခရီးစဉ်အတွက် ၁၂ ဒေါ်လာနဲ့ Pengelih ခရီးစဉ်အတွက် ၆ ဒေါ်လာ အသီးသီး တိုးမြှင့်ကောက်ခံသွားမှာလည်း ဖြစ်ပါတယ်၊၊
စင်ကာပူ-ဘာတမ် ကူးတို့သင်္ဘောခရီးစဉ်များတွင် စက်သုံးဆီအပိုကြေး (Fuel Surcharge) ၆ ဒေါ်လာ စတင်ကောက်ခံမည်
Mar 13 • 1:59 AM
Singapore
Local News
Share
| 11 | 0 | 0 | 0 |


