တနင်္သာရီတိုင်း၊ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ထဲက ကျေးရွာအချို့တွင် လျှပ်စစ်ဓာတ်အား မရရှိတော့ချိန် စက်သုံးဆီ စျေးလည်း မြင့်တက်နေသဖြင့် ဒူးရင်းခြံ၏ ကုန်ကျစရိတ်မှာ ၁၀ ဆနီးပါး မြင့်တက်လာကြောင်း ဒူးရင်းစိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။ရေဖြူမြို့ အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် ရလိုင်၊ ပုဂေါဇွန်း၊ သစ်တိုထောင့်ကျေးရွာနှင့် နဘုလယ်တိုက်နယ် တို့တွင် မတ်လ မတိုင်မီက စက်သုံးဆီတစ်လီတာလျှင် ၁၃,၀၀၀ ကျပ်နှင့် ကျပ် ၁၅,၀၀၀ ကြားသာ ရှိကြောင်း ဒေသခံများထံမှ သိရသည်။လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် စက်သုံးဆီစျေးများ မြင့်တက်လာချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၌ မတ်လ ပထမပတ်မှစတင်ပြီး ဓာတ်ဆီတစ်လီတာလျှင် သုံးသောင်းကျပ်အထိ နှစ်ဆကျော် စျေးတက်သွားကြောင်း ဒေသခံများက ဆိုသည်။စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ဒူးရင်းနှင့် ကွမ်း စိုက်ပျိုးရေးလုပ်ငန်းများ ကုန်ကျစရိတ် ပိုများလာပြီး အခက်အခဲ ကြုံတွေ့ နေရကြောင်း ရေဖြူ အနောက်ကမ်းကျေးရွာတစ်ရွာမှ ဒူးရင်းတောင်သူတစ်ဦးက ပြောဆိုသည်။
တနင်္သာရီတိုင်း၊ရေဖြူတွင် လျှပ်စစ်မရချိန် စက်သုံးဆီစျေးတက်မှုကြောင့် ဒူးရင်းခြံစရိတ် ၁၀ဆနီးပါးမြင့်တက်
Mar 13 • 1:48 AM
Myanmar
Tanintharyi
Share
| 24 | 0 | 0 | 0 |


