back

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရ‌နေတဲ့အတွက် ပြည်သူများ အဆင်မပြေဖြစ်နေ

Mar 13 • 1:49 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရ‌နေတဲ့အတွက် ပြည်သူများ အဆင်မပြေဖြစ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရ‌နေတဲ့အတွက် အဖက်ဖက်အဆင်မပြေဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရ‌နေတဲ့အတွက် အဖက်ဖက်အဆင်မပြေဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။ဘူးဂါးလျှပ်စစ်ရုံးကနေ ရပ်ကွက်အလိုက်မီး‌ပေးမယ့်စာရင်းထုတ်ပြန်ထားပေမယ့် အချိန်ဇယားအတိုင်း မီးပေးခြင်းမရှိပဲ တစ်ရက်လုံးမှ နာရီဝက်ခန့်သာ ရရှိနေတာ နှစ်ပတ်ခန့်ရှိလာပြီလို့ သိရပါတယ်။ခုလို လျှပ်စစ်မီးပေးတဲ့အချိန် တစ်နေ့တခြား ပိုမိုနည်းလာတဲ့အတွက် ထမင်း၊ဟင်းချက်ပြုတ်ဖို့ အခက်တွေ့နေတယ်လို့ မြစ်ကြီးနား ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။

news-view-count-icon

17