back

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

Mar 13 • 1:47 AM

breaking-news

Myanmar

Bago

cover

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ယမန်နေ့နံနက်ပိုင်းက ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါ...

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ယမန်နေ့နံနက်ပိုင်းက ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ထို့နောက် ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး၏ အရပ်ရပ်အလှူတော်ကုသိုလ်ကောင်းမှု ရေစက်ချမင်္ဂလာအခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ရွှေတံဆိပ်များဆုရှင် တေးသံရှင် ထက်ထက်မော်က ထူးမခြားနား သီချင်းခံ(၃)ပိုဒ်ဖြင့် သီကျူးပူဇော်ပေးခဲ့သည်။ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒဉေယျဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ အမှူးပြုသော အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူခဲ့ကြပြီးနောက် ပါဒစေတီတော်တည်ထားပူဇော်ခြင်းဆိုင်ရာ တေးထပ်မင်္ဂလာဖြင့် ရွှေတံဆိပ်များဆုရှင် တေးသံရှင် ထက်ထက်မော်က သီကျူးပူဇော်ပေးခဲ့သည်။

news-view-count-icon

18