ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းသတင်း အချက်အလက်ဖြေကြားမှုစနစ် (Myanmar Tourism Call Center) ၊ ခရီးသွားလာမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Tourist Movement Information System) နှင့် မြန်မာ့ခရီးသွား လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှုစနစ် (Myanmar Tourism Professional Accreditation System - MTPAS) များ လွှင့်တင်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ Hotel Max ၌ မတ် ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည်များ သိရှိလိုသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ခရီးသွားပြည်သူလူထုထံသို့ ရောက်ရှိနိုင်စေရန် မြန်မာ့ခရီးသွားလုပ်ငန်းသတင်းအချက်အလက် ဖြေကြားမှုစနစ် (Myanmar Tourism Call Center) ကို ထူထောင်ခြင်းဖြစ်ပြီး ၎င်းစနစ်မှ ရရှိလာမည့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှု၊ လိုအပ်ချက်နှင့်အကြံပြုချက်ဒေတာများကို စနစ်တကျ ပြန်လည်ဆန်းစစ်ပြီး ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် မူဝါဒများ၊ စီမံကိန်းများကို ချမှတ်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ခရီးသွားလုပ်ငန်း သတင်းအချက်အလက်ဖြေကြားမှုစနစ်၊ ခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်စနစ်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှုစနစ်များ လွှင့်တင်ထား
Mar 13 • 1:44 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


