back

ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လုပ်ဆောင်နေ

Mar 13 • 1:42 AM

breaking-news

Myanmar

Local

cover

ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လုပ်ဆောင်နေ

ယခုနှစ် ၂၀၂၆ ခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့်ရိုးရာသင်္ကြန်ကျင်းပနိုင်ရန်ရည်ရွယ်ထားသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယမန်နေ့ မတ် ၁၂ ရက်ကကျင်းပသည့် ပြည်...

ယခုနှစ် ၂၀၂၆ ခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့်ရိုးရာသင်္ကြန်ကျင်းပနိုင်ရန်ရည်ရွယ်ထားသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယမန်နေ့ မတ် ၁၂ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ယခင်နှစ် ၂၀၂၅ ခုနှစ် သင်္ကြန်ပွဲတော်ကို သဘာဝဘေးဒဏ်ကြောင့် သာမာန်မျှသာဖြတ်သန်းခဲ့ရ၍ ယခုနှစ် ၂၀၂၆ ခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့်ရိုးရာသင်္ကြန်ကျင်းပနိုင်ရန်ရည်ရွယ်ထားသည်ဟု ပြောသည်။" အခုချိန်မှာ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ဦးစားပေးစီစဉ်ဆောင် ရွက်ပါမယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောသည်။


news-view-count-icon

34