back

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

Mar 12 • 2:28 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများ...

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင် မတ်လ ၉ ရက်နေ့က စတင်ဖြန့်ချိခဲ့ပြီး အခြားလူမှုကွန်ရက်စာမျက်နှာအချို့ကပါ ထပ်ဆင့်ဖြန့်ဝေထားသည်ကို တွေ့ရသည်။ စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတကာ လျှပ်စစ်ဖြန့်ဖြူးရေး စံနှုန်းများအရ အိမ်နံပါတ် တစ်အိမ်ကျော်စီကို မီးဖြတ်တောက်ရန် (သို့မဟုတ်) ပေးဝေရန်အတွက် Smart Grid (စမတ်ဂရစ်) နှင့် တစ်အိမ်ချင်းစီကို ဗဟိုမှ ထိန်းချုပ်နိုင်သည့် စမတ်မီတာစနစ်များ ရှိရပါမည်။ ရှမ်းပြည် တောင်ကြီးမြို့ရှိ လျှပ်စစ်ပေးဝေရေးစနစ်မှာ မီးလိုင်းခွဲအလိုက် (သို့မဟုတ်) ထရန်စဖော်မာ အလိုက်သာ အပိတ်၊ အဖွင့် ပြုလုပ်နိုင်သော စနစ်ဖြစ်သည်။ ထို့ကြောင့် လမ်းတစ်ခုတည်းတွင်ရှိသော အိမ်များကို အိမ်နံပါတ်အလိုက် တစ်အိမ်စီ ခွဲခြား၍ မီးဖြတ်ရန်မှာ လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စနစ်၏ အခြေခံအဆောက်အအုံများအရ လုံးဝ မဖြစ်နိုင်ပါ။လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (MOEP) နှင့် တောင်ကြီးခရိုင် လျှပ်စစ်ရုံးတို့၏ တရားဝင် ထုတ်ပြန်ချက်များကို စစ်ဆေးခဲ့ရာတွင် အဆိုပါစနစ်သစ်ကို ကျင့်သုံးမည့် အစီအစဉ်မျိုး တစ်စုံတစ်ရာ မတွေ့ရှိရပေ။ လက်ရှိတွင် ဝန်အားလျှော့ချခြင်း အစီအစဉ်အရ အုပ်စုများခွဲ၍ အလှည့်ကျ မီးပေးဝေခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။




news-view-count-icon

27