ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ်(၃)လမ်းမတွင် မတ် ၁၂ ရက်၊ ည ၇ နာရီက ဆီဘောက်ဆာယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဆီဘောက်ဆာယာဥ် တိမ်းမှောက်မှုဖြစ် ဆီယိုစိမ့်မှု ဖြစ်ပွားသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး ထွက်ခွာ၍ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆီဘောက်ဆာယာဥ် တိမ်းမှောက်မှုကြောင့် ဆီဆုံးရှုံးမှုတန်ဖိုးနှင့် စပ်လျဥ်း၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း သိရသည်။



