ဖြစ်စဉ်မှာ လပွတ္တာမြို့၊ ဆင်ခြင်ရာအုပ်စု၊ သင်္ကန်းလေးကျေးရွာနေ ဦးဆန်းဦး၏ ဇနီး ဒေါ်ရီရီနိုင် ဆိုသူသည် မတ်လ ၁၁ ရက် နံနက် ၈ နာရီခန့်တွင် လပ္ပတ္တာမြို့မှ အိုးဝေသုံးဘီးယာဉ်ဖြင့် ပုသိမ်မြို့သို့ထွက်ခွာခဲ့ကြောင်း၊ ၎င်းသည် ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပုသိမ်မြို့ရှိ . . . . တည်းခိုခန်း၌ ခေတ္တတည်းခိုခဲ့ပြီး နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တည်းခိုခန်းမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ၎င်းထွက်ခွာသွားပြီးနောက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ခင်ပွန်းဖြစ်သူထံသို့ ဖုန်းနံပါတ်တစ်ခုမှ အမည်မသိအမျိုးသမီးတစ်ဦးက ဆက်သွယ်လာပြီး ဒေါ်ရီရီနိုင်မှာ ယာဉ်မတော်တဆမှုဖြင့် ေ*သဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ယင်းဖုန်းနံပါတ်ကို ပြန်လည်ခေါ်ဆိုသည့်အခါတွင်လည်း ဆက်သွယ်မှုမရရှိတော့ဘဲ စက်ပိတ်သွားခဲ့ကြောင်း ဆိုခဲ့သလို ပျောက်ဆုံးသူနှင့်အတူ ကျပ် သိန်း ၃၀ ခန့် နှင့် ရွှေထည်ပစ္စည်းအချို့ပါသွားခြင်းကြောင့် မိသားစုဝင်များက သက်ဆိုင်ရာထံ အမှုဖွင့်တိုင်ကြားကာ ပုသိမ်မြို့တစ်ခွင် လိုက်လံရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။



