လတ်တလော အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် ကမ္ဘာ့စွမ်းအင်လောင်စာဆီနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေအပေါ် သက်ရောက်မှုရှိပြီး ပြည်သူတွေကြား နေ့စဉ်ဘဝအတွက် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ထိုင်းနိုင်ငံမှာ ခုရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာတယ်၊ သယ်ယူ ပို့ဆောင်ရေးစရိတ် ကြီးမြင့်လာတာနဲ့အမျှ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်း ဈေးနှုန်းပါ လိုက်တက်လာတယ်၊ ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းဈေးနှုန်းပါ လိုက်တက် လာတယ်လို့ ခရိုင်အများစုက ပြည်သူတွေ ပြောပါတယ်။



