back

ဖူးခက်လေဆိပ်မှာ လေယာဉ် မတော်တဆမှုကြောင့် ခရီးသည် ၁၈,၀၀၀ ၏ လေကြောင်းခရီးစဉ် များထိခိုက်ခဲ့

Mar 12 • 1:47 PM

breaking-news

Thailand

Local News

cover

ဖူးခက်လေဆိပ်မှာ လေယာဉ် မတော်တဆမှုကြောင့် ခရီးသည် ၁၈,၀၀၀ ၏ လေကြောင်းခရီးစဉ် များထိခိုက်ခဲ့

မတ်လ ၁၁ ရက်နေ့က ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ဆင်းသက်စဉ် အခက်အခဲဖြစ်ပွားခဲ့တာကြောင့် ပြေးလမ်းကို ၇ နာရီကြာ ပိတ်ထားခဲ့ရပြီး ခရီးသည် ၁၈,၀၀၀ ခန့်နဲ့ လေကြော...

မတ်လ ၁၁ ရက်နေ့က ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ဆင်းသက်စဉ် အခက်အခဲဖြစ်ပွားခဲ့တာကြောင့် ပြေးလမ်းကို ၇ နာရီကြာ ပိတ်ထားခဲ့ရပြီး ခရီးသည် ၁၈,၀၀၀ ခန့်နဲ့ လေကြောင်းခရီးစဉ် အများအပြား ထိခိုက်မှုရှိခဲ့ပါတယ်။ လေဆိပ်အထွေထွေမန်နေဂျာ မွန်ချိုင်းတာနုတ်ကတော့ Air India Express ရဲ့ Boeing 737-300 လေယာဉ် အဲဒီလို ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁၈,၀၀၀ ခန့်ကို ပို့ဆောင်မယ့် ပြည်တွင်းပြည်ပ ခရီးစဉ်ပေါင်း ၁၀၀ ခန့်ကို လမ်းကြောင်းပြောင်းတာ ဒါမှမဟုတ် အချိန်ရွှေ့ဆိုင်းတာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ဟိုက်ဒရာဘတ်ကနေ ဖူးခက်ကို လာတဲ့ လေယာဉ် ဆင်းသက်ဖို့ ပြင်ဆင်နေချိန် မွန်းတည့်ခါနီးမှာ လေယာဉ်ဘီးချတဲ့စနစ် ချို့ယွင်းမှုကြောင့် ဖြစ်ပွားခဲ့တာပါ။ လေယာဉ်ဦးခေါင်းပိုင်းဟာ ပြေးလမ်းနဲ့ ပွတ်တိုက်မိခဲ့ပေမယ့် လိုက်ပါလာတဲ့ ခရီးသည် ၁၃၃ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၇ ဦးစလုံး ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။



news-view-count-icon

7