back

မဲဆောက်တွင် စက်သုံးဆီဈေးမြင့်တက်၊ ယာဉ်တစ်စီး ဘတ် ၅၀၀ ဖိုးသာ ရောင်းချရန် ကန့်သတ်

Mar 12 • 1:22 PM

breaking-news

Thailand

Local News

cover

မဲဆောက်တွင် စက်သုံးဆီဈေးမြင့်တက်၊ ယာဉ်တစ်စီး ဘတ် ၅၀၀ ဖိုးသာ ရောင်းချရန် ကန့်သတ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာပြီး ရောင်းချပေးသည့် ပမာဏကိုလည်း အကန့်အသတ်များ ပြုလုပ်လိုက်ကြောင်း ဒေသတွင်း ယာဉ်မ...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာပြီး ရောင်းချပေးသည့် ပမာဏကိုလည်း အကန့်အသတ်များ ပြုလုပ်လိုက်ကြောင်း ဒေသတွင်း ယာဉ်မောင်းအချို့က ပြောသည်။ထို့အပြင် မတ်လ ၂ ရက်နေ့မတိုင်မီအထိ ယာဉ်တစ်စီးလျှင် စက်သုံးဆီ ဘတ် ၁,၀၀၀ ဖိုးအထိ ဝယ်ယူခွင့်ရှိသော်လည်း၊ ယခုအခါ ဘတ် ၅၀၀ ဖိုးသာ ရောင်းချပေးတော့ကြောင်း ဒေသခံများထံမှ သိရသည်။

တဖက်တွင်လည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်နေချိန်တွင် ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းကို ဈေးကွက်ပေါက်ဈေးထက် လျှော့ချသတ်မှတ်ထားနိုင်ရန် ထိုင်းအစိုးရက ကြိုးပမ်းနေရသည်။ ယင်းလုပ်ဆောင်ချက်ကြောင့် နိုင်ငံတော်စက်သုံးဆီရန်ပုံငွေမှာ တစ်ရက်လျှင် ဘတ် ၁,၀၀၀ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်း) ကျော် ဆုံးရှုံးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီး အတ်ထဖိုလ် ရတ်ဖိဘွန်း (Auttapol Rerkpiboon) က ဗုဒ္ဓဟူးနေ့တွင် MCOT ရုပ်သံလိုင်းသို့ ပြောကြားသည်။





news-view-count-icon

7