back

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဌာန်း

Mar 12 • 1:21 PM

breaking-news

Myanmar

Local

cover

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဌာန်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အမျိုးသားကာကွယ်ရေးနှင် လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၆/၂၀၂၆ ဖြင့် မတ်...

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အမျိုးသားကာကွယ်ရေးနှင် လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၆/၂၀၂၆ ဖြင့် မတ်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွင် အခန်း(၁၇)ခန်းပါဝင်ပြီး အခန်း(၁) အမည်၊ စီရင်ပိုင်ခွင့်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) ငွေကြေးခဝါချမှုနှင့် သက်ဆိုင်သော ပြစ်မှုများ၊ အခန်း(၄) ဗဟိုအဖွဲ့ဖွဲ့စည်းခြင်းနှင့်ယင်းအဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊အခန်း(၅)ပြည်ထဲရေဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဖော်ပြထားသည်။ထို့ပြင် အခန်း(၆) ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း(၇) ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း(၈) စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊အခန်း(၉) ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဖော်ပြထားသည်။အခန်း(၁၀) ကြီးကြပ်ဆောင်ရွက်ခြင်း၊ အခန်း(၁၁) ငွေကြေး သို့မဟုတ် ကိုင်ဆောင်သူလွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအား နိုင်ငံဖြတ်ကျော်သယ်ယူပို့ဆောင်မှု၊ အခန်း(၁၂) တားမြစ်ချက်များ၊ အခန်း(၁၃) ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၁၄) နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်းနှင့်စီမံ ခန့်ခွဲခြင်း၊ အခန်း(၁၅) နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အခန်း(၁၆) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးရန်ပုံငွေ၊ အခန်း(၁၇) အထွေထွေတို့ ပါဝင်သည်။၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ ၁ မှ ပုဒ်မ ၈၈ အထိ ပြဋ္ဌာန်းထားပြီး ယင်းဥပဒေပုဒ်မ ၈၈ အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ(ပြည်ထောင်စုလွှတ်တော် အမှတ်၁၁/၂၀၁၄)ကို ယခုဥပဒေဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။




news-view-count-icon

43