ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် လားရှိုးမြို့ရှိ ရပ်ကွက် ၁ မှာ ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိသလို မနေ့ မတ်လ ၁၁ ရက်လည်း ရပ်ကွက် ၅ မှာ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။လားရှိုးမြို့ပေါ် က နေရာတချို့မှာ ဆေးသမားတွေ ပေါ်ပေါ်ထင်ထင်ရှိနေတာကြောင့် ဒီထက် ပိုပြီးလျော့နည်းလာအောင် သက်ဆိုင်ရာဌာနတွေဟာ လုပ်ဆောင်ပေးဖို့ကို ဒေသခံတွေက တောင်းဆိုထားပါတယ်။



