စက်သုံးဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိနေရတာအပြင် ဆိုင်တွေက ပေပါ၊ ပုံးတွေနဲ့လည်း ရောင်းချမပေးတာကြောင့် တောင်သူတွေအနေနဲ့ မိုးကြိုကာလ လယ်ယာမြေတွေ ထွန်ယက်နိုင်ဖို့အတွက် ဆီရရှိဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။လက်ရှိမှာ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဦးစားပေးပြီး ဥပဒေတွေ ထုတ်ပြန်ပေးနေတာဟာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေ အတွက်သာ ဖြစ်နေတာကြောင့် တောင်သူလယ်သမားတွေ သုံးပြုနိုင်ဖို့ လယ်ယာသုံး စက်ပစ္စည်းတွေအတွက် ဆီရရှိရေး ထုတ်ပြန်ပေးတာမျိုး တောင်းဆိုချင်တယ်လို့ သူက ပြောပါတယ်။ပန့်ဆိုင်တွေမှာ လယ်ယာထွန်ယက်ဖို့ ဆီရရှိရင်တော့ စျေးအဆင်ပြေတဲ့အတွက် တောင်သူလယ်သမားတွေ ရင်းနှီးငွေ သက်သာသွားနိုင်ပြီး လက်ရှိ အခြေအနေအတိုင်း ဆိုရင်တော့ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်တွေ ပိုများလာနိုင်တယ်လို့ သူက ပြောပါတယ်။



