back

ဂျပန်ရောက်ဇနီးဖြစ်သူလူမှုရေးဖောက်ပြန်မှုကြောင့် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

Mar 12 • 12:33 PM

breaking-news

Myanmar

Shan

cover

ဂျပန်ရောက်ဇနီးဖြစ်သူလူမှုရေးဖောက်ပြန်မှုကြောင့် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ လိုင်းခန်းအတွင်း မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အိမ်အမှတ် (၁/၄၆၅) ရှိ လိုင်းခန်းအတွင်း အမျို...

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ လိုင်းခန်းအတွင်း မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အိမ်အမှတ် (၁/၄၆၅) ရှိ လိုင်းခန်းအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။စစ်ဆေးချက်များအရ သေဆုံးသူမှာ မောင်နေမျိုးလှိုင် (၂၂ နှစ်) ဖြစ်ပြီး တပ်ကုန်းမြို့နယ် မရိုးကုန်းကျေးရွာနေသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် လိုင်းခန်း၏ တတိယထပ် အခန်းအတွင်း လေဝင်လေထွက်ပေါက်တွင် ဝိုင်ဖိုင်ကြိုးအသုံးပြု၍ လည်ပင်းတွင် ကြိုးကွင်းချည်ကာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူနှင့်အတူ အခန်းငှားနေထိုင်သူ သူငယ်ချင်း၏ ပြောကြားချက်အရ သေဆုံးသူသည် ဂျပန်နိုင်ငံတွင် နေထိုင်နေသည့် ဇနီးဖြစ်သူလူမှုရေးဖောက်ပြန်မှုမကျေနပ်ကြောင်းပြောဆိုပြီး ဖုန်းပြောမည်ဆိုကာ အခန်းထဲဝင်သွားပြီး ဇနီးဖြစ်သူနှင့် ဖုန်းပြောဆိုပြီးနောက် အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး နောက်ပိုင်းတွင် အခန်းအတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။




news-view-count-icon

19