ရန်ကုန်က KTV,ဘားနဲ့ အခြားသောအနှိပ်ခန်း ဖျော်ဖြေရေးတွေ အရောင်းကျလာလို့ တချို့ဆိုင်တွေပိတ်သိမ်းကုန်ကြတယ်လို့ မြန်မာနယူးစ်ပါဝါက စုံစမ်းသိရှိရပါတယ်။ဒါအပြင် အဲဒီလုပ်ငန်းတွေအတွက်နှစ်စဉ်ပေးရတဲ့ မြေငှါးရမ်းခနဲ့ လိုင်းကြေးတွေပါတိုးလာတယ်လို့ အဲဒီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။လက်ရှိမှာ ရန်ကုန်မြို့က ကလပ်နဲ့ ဘားတွေမှာ စင်တင်တီးဝိုင်းဖျော်ဖြေရေးတွေကို ရောင်းအားအတွက် သူပြိုင်၊ကိုယ်ပြိုင်ထည့်လာကြတာပါ။ဒါပေမယ့် ရောင်းအားက ထင်သလောက်တိုးမလာဘူးလို့ အဲဒီလုပ်ငန်းလုပ် ကိုင်သူတွေက ပြောပါတယ်။ရန်ကုန်မြို့အတွင်းမှာ အထက်ပါလုပ်ငန်းစုစုပေါင်း ၈၅၀ ကနေ ၁,၁၀၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။



