ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ဖူဆယ်ဘောလုံးပြိုင်ပွဲ (ASEAN Futsal Championship 2026)အတွက် ပဏာမ ကစားသမား(၂၆)ဦးစာရင်းကို ယနေ့ မတ်လ (၁၂)ရက်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လာသည်။ ပဏာမကစားသမား (၂၆)ဦး စာရင်းကို အသင်း၏ နည်းပြချုပ်ဖြစ်သူ Mr. Pattaya Piemkum က ရွေးချယ်အတည် ပြုခဲ့ခြင်းဖြစ်သည်။ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အ မျိုးသားအသင်းသည် မတ်လ (၁၃) ရက်မှ စတင်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး မတ်(၂၉)ရက်တွင် ထိုင်းနိုင်ငံသို့သွား ရောက်၍ စခန်းသွင်းလေ့ ကျင့်မှုများနှင့် ခြေစမ်းပွဲများကို ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။



