စက်သုံးဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိနေရတာအပြင် ဆိုင်တွေက ပေပါ၊ ပုံးတွေနဲ့လည်း ရောင်းချမပေးတာကြောင့် တောင်သူတွေအနေနဲ့ မိုးကြိုကာလ လယ်ယာမြေတွေ ထွန်ယက်နိုင်ဖို့အတွက် ဆီရရှိဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ကျွန်တော်တို့က လယ်ဧက ၁၀၀ ကျော် လုပ်ပါတယ်။ ထွန်စက်ကြီး လည်း ရှိပါတယ်။ လယ် တဧကကို ပျမ်းမျှ ဆီကုန်နှုန်းက စိမ်းခွဲ ထယ်ရေး ၁ ဂါလံ၊ ခဲကြေထယ်ရေး ၁ ဂါလံ။ အဲဒီနှစ်ခုက မိုးကြိုပေါ့။ မိုးမရွာခင် ကြိုမောင်းရတာပါ။ မိုးရွာတာနဲ့ စက်ခုတ် ရပါတယ်။ နှစ်လွှာ ဆီ ၁ ဂါလံဝန်းကျင် ကုန်ပါတယ်။ တဧက အပေါ်ကို ဆီပျမ်းမျှ ၃ ဂါလံဝန်းကျင် ကုန်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ စိုက်ပျိုးရေး စိုက်ရမှာ။ သင်္ကြန်မတိုင်မီ ထွန်ယက်ရမှာပါ။ အခု ဆီမရလို့ ထွန်စက်တွေ ရပ်နားထားရပါတယ်” လို့ သန်လျင်မြို့က လယ်ယာလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။လက်ရှိမှာ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဦးစားပေးပြီး ဥပဒေတွေ ထုတ်ပြန်ပေးနေတာဟာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေ အတွက်သာ ဖြစ်နေတာကြောင့် တောင်သူလယ်သမားတွေ သုံးပြုနိုင်ဖို့ လယ်ယာသုံး စက်ပစ္စည်းတွေအတွက် ဆီရရှိရေး ထုတ်ပြန်ပေးတာမျိုး တောင်းဆိုချင်တယ်လို့ သူက ပြောပါတယ်။စက်သုံးဆီလုပ်ငန်းရှင်တွေ အနေနဲ့ ဆီတွေကို မိမိတို့သဘောနဲ့ ရောင်းချပါက ရေနံထွက်ပစ္စည်း ထိန်းသိမ်း ကြီးကြပ်ရေးအဖွဲ့မှ အရေးယူသွားမှာဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံစာပါရှိမှသာ ပုံး၊ ပေပါတွေနဲ့ ရောင်းချပေးဖို့ အစိုးရက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
Mar 12 • 8:37 AM
Myanmar
Local
Share
| 29 | 0 | 0 | 0 |


