back

ပြည်တွင်း၌EV ကားများစျေးမြင့်တက်လာသော်လည်း လက်လွှဲပြန်ရောင်းသူများအဖို့ မှန်းထားသလိုဖြစ်မလာသေးဟုဆို

Mar 12 • 8:46 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌EV ကားများစျေးမြင့်တက်လာသော်လည်း လက်လွှဲပြန်ရောင်းသူများအဖို့ မှန်းထားသလိုဖြစ်မလာသေးဟုဆို

ပြည်တွင်း ကားဝယ်ရောင်းစျေးကွက်အတွင်းတွင် ပြီးခဲ့သော ရက်ပိုင်းအတွင်းကတည်းက စျေးနှုန်းများမြင့်တက် စျေးခေါ်လာသည့် EV ကားများမှာ လက်လွှဲပြန်လည်ရောင်းချရာတွင် မျှော...

ပြည်တွင်း ကားဝယ်ရောင်းစျေးကွက်အတွင်းတွင် ပြီးခဲ့သော ရက်ပိုင်းအတွင်းကတည်းက စျေးနှုန်းများမြင့်တက် စျေးခေါ်လာသည့် EV ကားများမှာ လက်လွှဲပြန်လည်ရောင်းချရာတွင် မျှော်မှန်းထားသည့် အခြေအနေမျိုးမဖြစ်ကြကြောင်း ရန်ကုန်မြို့အခြေစိုက် ကားဝယ်ရောင်းစျေးကွက်အတွင်းမှ သိရသည်။လွန်ခဲ့သောအပတ်အတွင်းက စက်သုံးဆီအရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူခဲ့ရခြင်း၊ လတ်တလောတွင် နံပါတ်များအလိုက် မောင်းနှင်ရခြင်း စသည်တို့ကြုံပြီးနောက် Brand အလိုက် မူလက ကျပ်သိန်း ၁,၅၀၀ ဝန်းကျင် စျေးခေါ်ရောင်းနေသော EV ကားမှာ ကျပ်သိန်း ၁,၉၅၀ ဝန်းကျင်၊ မူလကကျပ်သိန်း ၁,၉၀၀ ခေါ်သော EV ကားမှာ ကျပ်သိန်း ၂,၉၀၀ နီးပါး စသည်ဖြင့် စျေးနှုန်းများအသီးသီးမြင့်တက်ကာ စျေးခေါ်ရောင်းချလာခဲ့ကြသည်။လတ်တလောတွင် စက်သုံးဆီသုံးကားများထက် EV ကားများအပေါ် စိတ်ဝင်စားသူများ ယခင်ကထက် ပိုများလာသော်လည်း အားသွင်းရသော ပြဿနာများကြောင့် စက်သုံးဆီသုံးကားများကဲ့သို့ မြို့အနှံ့မောင်းနှင်သွားလာနိုင်ခြင်းမျိုးမရှိဘဲ အားသွင်းစနစ်အဆင်ပြေမည့် မြို့များကိုသာ ရွေးချယ်သွားလာနေရခြင်း၊ အားသွင်းလုပ်ကိုင်ရာတွင် အခက်အခဲအချို့ရှိနေခြင်း စသည့်အခြေအနေများကြောင့်လည်း ဝါရင့်ကားဝယ်ရောင်းများက JDM များကဲ့သို့ EV ကို မကိုင်ရဲကြသေးခြင်းလည်းဖြစ်ကြောင်း ကားဝယ်ရောင်း စျေးကွက်အတွင်းမှ သိရသည်။


news-view-count-icon

33