back

အာဆီယံပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း ပဏာမလူစာရင်းထုတ်ပြန်လာ

Mar 12 • 6:48 AM

breaking-news

Myanmar

Local

breaking-news
cover

အာဆီယံပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း ပဏာမလူစာရင်းထုတ်ပြန်လာ

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ASEAN Futsal Championship 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်း ပဏာမကစားသမား ၂၆ ဦးစာရင်းကို နည်းပြချုပ်ဖြစ်သူ M...

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ASEAN Futsal Championship 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်း ပဏာမကစားသမား ၂၆ ဦးစာရင်းကို နည်းပြချုပ်ဖြစ်သူ Mr. Pattaya Piemkum က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်းဟာ မတ်လ ၁၃ ရက်က စတင်ကာ စခန်းဝင်လေ့ကျင့်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။မတ်လ၂၉ရက်မှာတော့ ထိုင်းနိုင်ငံကို သွားရောက်ကာ စခန်းသွင်းလေ့ကျင့်မှုတွေနဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ပြုလုပ်သွားမယ်လို့လည်း ဖူဆယ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ASEAN Futsal Championship 2026 ပြိုင်ပွဲကို ဧပြီ ၆ ရက်ကနေ ၁၂ ရက်အထိ ထိုင်းနိုင်ငံ နော်သမ်ဘူရီအားကစားကွင်းမှာ ကျင်းပမှာလည်းဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းဟာ ASEAN Futsal Championship 2026 ပြိုင်ပွဲရဲ့ အုပ်စု(က)မှာ ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမောအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


news-view-count-icon

22