မြန်မာယူ-၁၇အမျိုးသမီးအသင်းအနေ ဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်နေသော် လည်းပိုကောင်းလာအောင် အချိန်ယူသွားရမည်ဟု မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်း နည်းပြချုပ် Kumiko Tashiroက မနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံမှာကျင်းပမယ့် အာရှဖလားမတိုင်မီ အိန္ဒိယနဲ့ကစားခွင့်ရလို့ ပွဲစီစဉ်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။ အိန္ဒိယအသင်းကလည်း ခြေစစ်ပွဲ အောင်မြင်ထားပြီး သူတို့ကစားတဲ့ပွဲတွေကို လေ့လာထားပါတယ်။သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေလည်းပါဝင်တာမို့ မြန်မာအသင်းနဲ့ ယှဉ်ရင် အနည်းငယ်သာပါတယ်။



