back

ထိုင်းရဲတပ်ဖွဲ့၊ FBI နဲ့ Meta တို့ ပူးပေါင်းပြီး အရှေ့တောင်အာရှက ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်း

Mar 12 • 6:59 AM

breaking-news

Thailand

Local News

cover

ထိုင်းရဲတပ်ဖွဲ့၊ FBI နဲ့ Meta တို့ ပူးပေါင်းပြီး အရှေ့တောင်အာရှက ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်း

ထိုင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစင်တာ (ACSC) ဟာ အရှေ့တောင်အာရှတစ်ဝန်းမှာရှိတဲ့ ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို ပစ်မှတ်ထား နှိမ်နင်းနိုင်ခဲ့ပါတယ်။ ဒုတိယအကြ...

ထိုင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစင်တာ (ACSC) ဟာ အရှေ့တောင်အာရှတစ်ဝန်းမှာရှိတဲ့ ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို ပစ်မှတ်ထား နှိမ်နင်းနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက် ပူးပေါင်းစစ်ဆင်ရေးအဖြစ် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ FBI၊ အမေရိကန် တရားရေးဝန်ကြီးဌာနနဲ့ Meta တို့ ပူးပေါင်းပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ဒစ်ဂျစ်တယ် ကွန်ရက်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ အဲဒီစစ်ဆင်ရေးအတွင်း Meta ကနေ မသင်္ကာစရာ အကောင့်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ပိတ်ပစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အဓိက သံသယရှိသူ ၂၁ ဦးကို ဖ-မ်းဆီးနိုင်ခဲ့သလို နယ်စပ်ဒေသတွေက လိမ်လည်မှုစင်တာတွေမှာ အတင်းအကျပ် ခိုင်းစေခံနေရတဲ့ လူကုန်ကူးခံ ထိုင်းနိုင်ငံသား ၃၀၀ ကျော်ကိုလည်း ဖော်ထုတ်ကယ်တင်နိုင်ခဲ့ပါတယ်။အဲဒီရာဇဝတ်ဂိုဏ်းတွေဟာ တရားဝင်စီးပွားရေးလုပ်ငန်းတွေလို စနစ်တကျ လည်ပတ်နေတာလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ လက်ရှိမှာတော့ ဒီကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့အတွက် ယူကေ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေက တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေအပြင် စာပို့ပလက်ဖောင်း LINE ကပါ ဒီမဟာမိတ်အဖွဲ့ထဲကို ပူးပေါင်းပါဝင်လာပါပြီ။Meta အနေနဲ့ သုံးစွဲသူတွေဆီ မရောက်ခင်ကတည်းက ရာဇဝတ်မှုတွေကို ကြိုတင်တားဆီးနိုင်ဖို့ FBI၊ ဒေသခံအာဏာပိုင်တွေနဲ့ သတင်းအချက်အလက်တွေ မျှဝေပြီး လိမ်လည်မှုဂိုဏ်းတွေရဲ့ စီးပွားရေးယန္တရားကို ဖြိုခွင်းဖို့ ရည်ရွယ်ထားပါတယ်။ အကောင့်ပေါင်း သိန်းနဲ့ချီ ပိတ်သိမ်းနိုင်ခဲ့ပေမယ့်လည်း အဲဒီဂိုဏ်းတွေ အသွင်သစ်နဲ့ ပြန်မလာနိုင်အောင် သူတို့ရဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေကို ခြေရာခံဖို့ ACSC က ဆက်လက်အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။



news-view-count-icon

15