back

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်အခြေအနေတွင် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခြေခံ သင်တန်းပြုလုပ်

Mar 12 • 5:59 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်အခြေအနေတွင် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခြေခံ သင်တန်းပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြုလုပ်သော အရေးပေါ်အခြေအနေတွင် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်...

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြုလုပ်သော အရေးပေါ်အခြေအနေတွင် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခြေခံ သင်တန်းဖွင့်ပွဲကို မတ်လ(၁၀)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ သီရိပစ္စယာ ဟိုတယ် တွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌမှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ မှ WASH orordinator Mr. Sergio Gelli ကသင်တန်းရည်ရွယ်ချက်များကို Online မှ ရှင်းလင်းပြောကြားခဲ့ပါသည်။အဆိုပါ သင်တန်းကို မတ်လ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၀)ဦး တက်ရောက်လျက်ရှိပါသည်။



news-view-count-icon

24