မတ်လ ၁၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဖရစ်ဘော့ခရိုင် ကာဇစ်မြို့တွင် အမျိုးသားတစ်ဦး ဘတ်စ်ကားပေါ်၌ ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ရာမှ ချက်ချင်းဆိုသလို ဘတ်စ်ကားတစ်စီးလုံး မီးလောင်ကျွမ်းသွားရာ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၅ မိနစ်တွင် ယင်းအခင်းဖြစ်ပွားခဲ့ရာ မီးသတ်နှင့် ကယ်ဆယ်ရေး ဝန်ထမ်းများမရောက်မီ ကားတစ်စီးလုံးမြန်ဆန်စွာ မီးစွဲလောင်သွားပြီး ယခုလို သေဆုံးမှုများ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ကမူ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေရာမှ ဘတ်စ်ကားမီးလောင်မှုဖြစ်သည်ကို အတည်မပြု သော်လည်း မျက်မြင်သက်သေများက ထိုဖြစ်ရပ်တွင် လူတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ရာမှ သေဆုံး ဒဏ်ရာရမှုများဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ဆွစ်ဇာလန် သမ္မတကိုယ်တိုင်က လူမှုကွန်ရက်တွင် ပြင်းထန်သော မီးလောင်မှုတစ်ခုကြောင့် လူ့အသက်များ ဆုံးရှုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း၊ သေဆုံးသူမိသားစုဝင်များ အတွက်လည်း အထူးစိတ်မကောင်းဝမ်းနည်းဖြစ်ရသည်ဟု ပြောသွားခဲ့သည်။



