အနောက်အာရှတွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ဆက်စပ်နေသည့် သဘာ၀ဓာတ်ငွေ့ရည် (LPG) ပြတ် တောက်မှုကြောင့် အိန္ဒိယရှိ စားသောက်ဆိုင်များနှင့် အသေးစား စားသောက်ဆိုင်များမကြာမီ ရက်အနည်းငယ် အတွင်း ပိတ်ထားရနိုင်ကြောင်း သတိပေးနေကြသည်ဟု Outlookindia သတင်းက ဖော်ပြခဲ့သည်။ မွန်ဘိုင်း၊ ဘန်ဂါလူရူး၊ ချန်နိုင်း၊ ဟိုက်ဒရာဘတ်၊ ချန်ဒီဂါနှင့် ရာဂျာစသန်ကဲ့သို့သော မြို့များရှိ စက်မှု လုပ် ငန်းအဖွဲ့အစည်းများက စီးပွားရေးသုံးသဘာ၀ ဓာတ်ငွေ့ရည် (LPG) ဆလင်ဒါများထောက်ပံ့ပေးမှုသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သိသိသာသာ နှေးကွေးလာရာ စားသောက်ဆိုင်များသည် ဂက်စ်အသုံးပြုမှုကို ကန့်သတ် ၍ အသုံးပြုနေရပြီး အချို့ဆိုင်များမှာ ယာယီပိတ်ထားရသည်ဟုဆိုသည်။အိန္ဒိယ၏ ဧည့်သည်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအမျိုးအစားအားလုံးသည် ချက်ပြုတ်ရန် စီးပွား ရေး သုံး LPG ဆလင်ဒါများကို အလွန်အမင်းအားထားနေရသောကြောင့် ယခုအခက်အခဲသည် ထိုလုပ်ငန်းကဏ္ဍ ကို အ ထူးပြင်းထန်စွာထိခိုက်စေသည်။ မွန်ဘိုင်းမြို့ ဒါဒါရှိ Marathi Tadka ဟိုတယ်ပိုင်ရှင် ဆူဂျစ်က လက်ရှိတွင် စစ်ပွဲ ကြောင့် LPG ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်းကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။မွန်ဘိုင်းတွင် အိန္ဒိယဟိုတယ်နှင့် စားသောက်ဆိုင်များအသင်းက LPG ပြတ်လပ်မှုကြောင့် လုပ်ငန်းအချို့ ယာယီပိတ်ထားရ ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့တွင်းရှိ စားသောက်ဆိုင်များ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ စီးပွား ရေးသုံး LPG ဆလင်ဒါမရရှိနိုင်မှုကြောင့် လုပ်ငန်းရပ်ဆိုင်းထားရကြောင်း သိရသည်။စားသောက်ဆိုင်ပိုင်ရှင်များက LPG ဆလင်ဒါ ပြန်ဖြည့်ရန် စောင့်ဆိုင်းရချိန်သည် ရက်အတော်ကြာ ကြာမြင့်ခဲ့ပြီး မီးဖိုချောင်များစွာတွင် လောင်စာဆီသိုလှောင်မှု အကန့်အသတ်ဖြင့်သာ ကျန်ရှိနေတော့ကြောင်း ပြောကြားကြသည်။PTI ၏ အဆိုအရ ချန်ဒီဂါမြို့တွင် LPG ဆလင်ဒါများကို သိုလှောင်ထားခြင်း နှင့် မှောင်ခိုဈေးကွက်တွင် ရောင်းချခြင်းများ ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အိန္ဒိယတောင်ပိုင်းရှိ ဟိုတယ်အသင်းအဖွဲ့ များသည် ထိုအကျပ်အတည်းကို ပထမဆုံး ထောက်ပြသူများထဲတွင် ပါဝင်ခဲ့သည်။
Bengaluru ဟိုတယ်များအသင်းက ကြေညာချက်တစ်စောင်တွင် LPG ထောက်ပံ့မှု ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေပါက စားသောက်ဆိုင်များ လုပ်ငန်းရပ်နားရနိုင်ကြောင်း သတိပေးခဲ့သည်။
ကြေညာချက်တစ်စောင်တွင် “ဂက်စ်ထောက်ပံ့မှု ရပ်တန့်သွားပါက မနက်ဖြန်မှစပြီး ဟိုတယ်များ ပိတ်ရနိုင်သည်” ဟု ဖော်ပြထားသည်။ပိတ်သိမ်းရမှုသည် ကျောင်းသားများ၊ ဆေးရုံဝန်ထမ်းများနှင့် ရုံးဝန်ထမ်းများ အပါအဝင် နေ့စဉ် အစား အသောက်အတွက် စားသောက်ဆိုင်များကို မှီခိုနေရသော လူထောင်ပေါင်းများစွာကို ထိခိုက်စေနိုင်ကြောင်း အဆိုပါအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။



