back

နေပြည်တော်တွင်ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း(BEMU)များ တည်ဆောက်နေ

Mar 12 • 5:18 AM

breaking-news

Myanmar

Naypyidaw

breaking-news
cover

နေပြည်တော်တွင်ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း(BEMU)များ တည်ဆောက်နေ

နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU)တွေ တည်ဆောက်နေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ပို့...

နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU)တွေ တည်ဆောက်နေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟာ မတ်လ ၁၁ ရက်က အဲဒီလို ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်းတွေ တည်ဆောက်နေတဲ့ နေပြည်တော် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။အခုလက်ရှိ တည်ဆောက်နေတဲ့ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်းတွေ၊ ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ် တွေနဲ့ ဘက်ထရီတွဲတွေကို အရည်အသွေးပြည့်မီရေးနဲ့ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အထူးကြိုးပမ်း ဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီး က မှာကြားခဲ့တယ်လို့ သိရပါတယ်။ အခုတည်ဆောက်နေတဲ့ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း(BEMU)တွေကို ရန်ကုန်မြို့ပတ်နဲ့ ခရီးတိုလမ်းပိုင်း တွေမှာ အသုံးပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

34