၁၂.၃.၂၀၂၆ ရက်နေ့၊ ၀၉နာရီ ၀၀ အချိန်၊ မွန်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းနှင့် မော်လမြိုင်ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးတို့မှ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



