back

ဒလမြို့နယ်၌ လမ်းမီးတိုင် (၄၅) တိုင် စိုက်ထူခဲ့

Mar 12 • 3:51 AM

breaking-news

Myanmar

Local

breaking-news
cover

ဒလမြို့နယ်၌ လမ်းမီးတိုင် (၄၅) တိုင် စိုက်ထူခဲ့

ပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သာယာလှပစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဒလ - တွံတေး လမ်းမကြီးတစ်လျှေ...

ပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သာယာလှပစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဒလ - တွံတေး လမ်းမကြီးတစ်လျှောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေခြင်း ဖြစ်သည်။ယင်းသို့ ဆောင်ရွက်နေသည့်နေရာသည် ဒလတံတားအဆင်း လမ်းဆုံမှ သံလွင်လမ်းထိပ်အထိနှင့် ဒလတံတားအဆင်းလမ်းဆုံမှ နဝရတ်လမ်းထိပ်အထိ၊ ဒလ - ဓနုတ် လမ်းမကြီးတစ်လျှောက် တံတားအဆင်းလမ်းဆုံမှ ပန်းဝါလမ်းထိပ်အထိ လမ်းလယ်ကျွန်း ဖြစ်သည်။ထိုနေရာများတွင် မြေအောက်လမ်းမီးလိုင်းကြိုး (၄,၅၀၀) ပေ တည်ဆောက်တပ်ဆင်၍ တွင် 10 Meter GI Pole လမ်းမီးတိုင် စုစုပေါင်း (၄၅) တိုင်၊ LED (150W) လမ်းမီးလုံး စုစုပေါင်း (၉၃) လုံး တပ်ဆင်နေခြင်း ဖြစ်သည်။


news-view-count-icon

38