back

မည်သည့်အသက်အရွယ်၌အယ်ဇိုင်းမားရောဂါပေါ်ပေါက်မလဲဆိုသည်ကို သွေးစစ်ဆေးနည်းများဖြင့်ခန့်မှန်းနိုင်မည်

Mar 12 • 3:43 AM

breaking-news

Myanmar

Local

breaking-news
cover

မည်သည့်အသက်အရွယ်၌အယ်ဇိုင်းမားရောဂါပေါ်ပေါက်မလဲဆိုသည်ကို သွေးစစ်ဆေးနည်းများဖြင့်ခန့်မှန်းနိုင်မည်

အယ်ဇိုင်းမားရောဂါမှာ ပါဝင်တဲ့ ပရိုတိန်းတစ်ခုကို စစ်ဆေးတဲ့ သွေးစစ်ဆေးချက်များဖြင့် ရောဂါလက္ခဏာ မပေါ်ခင်မှာပင် ဘယ်အသက်အရွယ်မှာ ရောဂါဖြစ်နိုင်လဲဆိုတာကို ကူညီခန့်မ...

အယ်ဇိုင်းမားရောဂါမှာ ပါဝင်တဲ့ ပရိုတိန်းတစ်ခုကို စစ်ဆေးတဲ့ သွေးစစ်ဆေးချက်များဖြင့် ရောဂါလက္ခဏာ မပေါ်ခင်မှာပင် ဘယ်အသက်အရွယ်မှာ ရောဂါဖြစ်နိုင်လဲဆိုတာကို ကူညီခန့်မှန်းပေးနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီစစ်ဆေးနည်းတွေရဲ့ တိကျမှုနဲ့ မရေရာမှုအပေါ် မေးခွန်းထုတ်စရာများ ရှိနေပါတယ်။ လေ့လာမှုရလဒ်တွေက အားကိုးစရာဖြစ်ပေမယ့် လူနာတစ်ဦးချင်းစီအတွက် ထင်ရှားတဲ့ အကျိုးကျေးဇူးအဆင့်မှာ မရှိသေးသလို အယ်ဇိုင်းမားရောဂါဆိုတာက ရှုပ်ထွေးလှပြီး တစ်ဦးနဲ့တစ်ဦး ဖြစ်ပျက်ပုံတွေ ကွဲပြားတယ်လို့ ဗန်ဒါဘစ်ဆေးတက္ကသိုလ်မှ အာရုံကြောစိတ်ပညာရှင် ကိုရီဘော်လ်တန်က ပြောပါတယ်။ ဦးနှောက်အသိဉာဏ် ချို့ယွင်းခြင်းမရှိတဲ့ အသက် ၆၂ နှစ်မှ ၇၈ နှစ်ကြား လူပေါင်း ၆၀၀ ကျော်ကို သွေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကာ ပုံစံတစ်မျိုးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။

news-view-count-icon

29