ကယား(ကရင်နီ)ပြည်၊ဒီးမော့ဆိုမြို့နယ်၊အရှေ့ခြမ်းရှိ ဖဲလျားရွာတွင် ကယားရိုးရာ တံခွန်တိုင်(လူငယ်)ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။ကယားရိုးရာ တံခွန်တိုင်(လူငယ်)ပွဲသည် နှစ်စဉ် တစ်နှစ်တစ်ကြိမ်ကျင်းပနေကြ ပွဲဖြစ်ပြီး အသက် ၁၈နှစ်အောက်ကလေးသူငယ်များအတွက်ရည်ရွယ်ကာ ပြုလုပ်သည့် ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း ဖဲလျားရွာနေ ဒေသခံအမျိုးသမီးကြီးတစ်ဦးက ပြောသည်။တံခွန်တိုင်လူငယ် ရိုးရာပွဲအတွင်း ရွာနေဒေသခံများက တံခွန်ဝင်းအတွင်း ရိုးရာထုံးစံအတိုင်း ချက်ပြုတ်ပြင်ဆင်ကြကာ ရိုးရာနတ်အား ပူဇော်ခြင်းနှင့်အိုးစည်ဗုံမောင်းများ တီးခတ်၊ကခုန်ခြင်းတို့ကို ရိုးရာဓလေ့ထုံးတမ်းများနှင့် အညီ ပြုလုပ်ခဲ့ကြောင်း ပွဲသို့လာရောက်ခဲ့သူ တစ်ဦးက ပြောသည်။တံခွန်တိုင်ပွဲသည် ရိုးရာအမွေအနှစ်ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်ပြုလုပ်ရခြင်းမှာ ဆန်ရေစပါးပေါကြွယ်ဝခြင်းနှင့် မိုးခေါင်ရေရှားခြင်း၊ရာသီဥတုဖောက်ပြန်ခြင်းတို့မှ ကင်းကာ ကျန်းမာရေး၊စီးပွါးရေးတိုးတက်ကောင်းမှုတို့ဖြစ်စေရန် ဆုတောင်းကျင်းပကြခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
Mar 12 • 3:23 AM
Myanmar
Kayah
Share
| 24 | 0 | 0 | 0 |


