back

ဟော်မုဇ်ရေလက်ကြားအနီး ထိုင်းသင်္ဘောတစ်စင်း တိုက်ခိုက်ခံရကာသင်္ဘောသား ၂၀ ကို ကယ်ဆယ်ထားရှိ

Mar 12 • 4:12 AM

breaking-news

Thailand

Local News

cover

ဟော်မုဇ်ရေလက်ကြားအနီး ထိုင်းသင်္ဘောတစ်စင်း တိုက်ခိုက်ခံရကာသင်္ဘောသား ၂၀ ကို ကယ်ဆယ်ထားရှိ

ဟော်မုဇ်ရေလက်ကြားအနီးမှာ ထိုင်းကုန်တင်သင်္ဘောတစ်စင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိမှာ သင်္ဘောသား ၂၀ ကို ကယ်ဆယ်ထားရပြီး ကျန်သင်္ဘောသားသုံးဦးက သင်္ဘောပေါ်မှာဘ...

ဟော်မုဇ်ရေလက်ကြားအနီးမှာ ထိုင်းကုန်တင်သင်္ဘောတစ်စင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိမှာ သင်္ဘောသား ၂၀ ကို ကယ်ဆယ်ထားရပြီး ကျန်သင်္ဘောသားသုံးဦးက သင်္ဘောပေါ်မှာဘဲ ရှိနေသေးတယ်လို့ ထိုင်းရေတပ်တာဝန်ရှိသူများက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ဘန်ကောက်အခြေစိုက် Precious Shipping ကုမ္ပဏီရဲ့ MAYUREE NAREE အမည်ရှိ အဆိုပါသင်္ဘောဟာ အိုမန်နိုင်ငံအနီးရေပြင်မှာ ခုတ်မောင်းနေစဉ် သင်္ဘောနောက်ပိုင်းကို ထိမှန်တိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ထိုင်းရေတပ်ရဲ့ပြောကြားချက်အရ ဘာရိန်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ ထိုင်းရေတပ်သားများက သင်္ဘောပေါ်လိုက်ပါလာတဲ့ သင်္ဘောသား ၂၃ ဦးကို ကူညီကယ်ဆယ်နိုင်ရန် အိုမန်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။MarineTraffic ရဲ့သင်္ဘောသွားလာမှု အချက်အလက်များအရ အဆိုပါသင်္ဘောဟာ ယူအေအီးနိုင်ငံ ၊ ဒူဘိုင်းမြို့မှထွက်ခွာလာပြီး အိန္ဒိယသို့ ဦးတည်ခုတ်မောင်းနေခြင်းဖြစ်ပါတယ်။ရေကြောင်းလုံခြုံရေး အေဂျင်စီများရဲ့ ယနေ့အဆိုအရ ဟော်မုဇ်ရေလက်ကြားအတွင်း ထိုင်းသင်္ဘောအပါအဝင် တိုက်ခိုက်ခံရသည့်သင်္ဘော သုံးစင်းရှိပြီး အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ဖြစ်နေသရွေ့ ဟော်မုဇ်ရေလက်ကြားက ဘေးကင်းလိမ့်မှာမဟုတ်ဘူးလို့လည်း အီရန်က သတိပေးထားပါတယ်။


news-view-count-icon

20