back

ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ဦး လောင်စာဆီ မှောင်ခိုကူးမှုနဲ့ ဖမ်းဆီးခံရ

Mar 12 • 3:18 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ဦး လောင်စာဆီ မှောင်ခိုကူးမှုနဲ့ ဖမ်းဆီးခံရ

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာ တင်ပို့မှု တားမြစ်လိုက်ပြီး ရက်ပိုင်းအကြာမှာ ထိုင်းနိုင်ငံ ပြင်ပသို့ ဒီဇယ် ၁၂၀ လီတာ မှောင်ခိုခိုးထုတ်တယ်လို့ စွပ်စွဲခံထားရ...

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာ တင်ပို့မှု တားမြစ်လိုက်ပြီး ရက်ပိုင်းအကြာမှာ ထိုင်းနိုင်ငံ ပြင်ပသို့ ဒီဇယ် ၁၂၀ လီတာ မှောင်ခိုခိုးထုတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ နိုင်ငံသား တစ်ဦးကို ရဲတပ်ဖွဲ့ ယမန်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။အသက် ၂၅ နှစ်အရွယ် အဲဒီ မြန်မာနိုင်ငံသားဟာ ဘေးတွဲဆိုက်ကယ် တစ်စီးနဲ့ ၃၀ လီတာဝင် ဘူး ၄ ဘူးထဲ ဒီဇယ်တွေ ဖြည့်ပြီး မြန်မာနိုင်ငံဖက်ကို ကူးဖို့ ပြင်ဆင်နေချိန် နယ်စပ်က မီတာ ၃၀ အကွာလောက်မှာ ကန်ချာနာဘူရီ ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။သူ့ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေက တဆင့် မလုပ်ဆောင်ဘဲ ကုန်စည်တင်ပို့မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။သူရဲ့ ယာဉ်ကို ရဲအရာရှိတွေက တားဆီး စစ်ဆေးချိန်မှာ အထောက်အထား စာရွက်စာတမ်းတွေလည်း မပါသလို ဘူးတွေထဲမှာ ဒီဇယ်တွေ သယ်ဆောင်လာတာတွေ့ရတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။သူ့ကို မေးမြန်း စစ်ဆေးရာမှာ ဒီဇယ်တွေကို မြန်မာနိုင်ငံသို့ သွားရောက် ပို့ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဖြေကြားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

news-view-count-icon

12