back

လှည်းကူးမြိုနယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Mar 12 • 3:19 AM

breaking-news

Myanmar

Yangon

cover

လှည်းကူးမြိုနယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

(၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ န...

(၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာတွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ယခုတည်ဆောက်ဖွင့်လှစ်သည့် ငမိုးရိပ်ဆိုလာရေတင်လုပ်ငန်းတွင် မူလက (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့် (၆) စုံကို တပ်ဆင်ပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဖြင့် ရေပေးဝေခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် (720 W) ဆိုလာ အချပ်ရေ (၁၀၇၈)ချပ် ( ၁၄ ချပ် String ၇၇ ခု) ကို တပ်ဆင်၍ ရေမောင်းနှင်ရန်အတွက် (0.4/11 kV) 110 kW Ongrid Inverter (၇)လုံးမှ (750) Kw ကို ထုတ်လုပ်ရာ 750 KVA Step-up Transformer (၁) လုံးဖြင့် မီးအားမြှင့်တင်ပြီး (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့် (၆) စုံတို့အား နေ့အချိန်တွင် လျှပ်စစ် + ဆိုလာစနစ်ဖြင့် စုစုပေါင်း (၃၄၅၄) ဧကကို ရေပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေထပ်မံလိုအပ်ပါက ညပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်၍ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17