back

ထိုင်းတွင် ထိုင်းနိုင်ငံသားအမည်ခံ တရုတ်ကုမ္ပဏီ ၆ ခု စစ်ဆေးအရေးယူခံရ

Mar 12 • 3:13 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ထိုင်းနိုင်ငံသားအမည်ခံ တရုတ်ကုမ္ပဏီ ၆ ခု စစ်ဆေးအရေးယူခံရ

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသား အမည်ခံ နိုင်ငံခြားကုမ္ပဏီတွေကို တင်းကျပ်စွာ စစ်ဆေးမယ်လို့ ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စီးပွာ...

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသား အမည်ခံ နိုင်ငံခြားကုမ္ပဏီတွေကို တင်းကျပ်စွာ စစ်ဆေးမယ်လို့ ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနက ထုတ်ပြန်ပြီးတဲ့နောက် ရာ့ချ်ပူရီခရိုင်ကကုမ္ပဏီတွေကို ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့မညီတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူလိုက်ပါတယ်။စီးပွားရေးလုပ်ငန်းဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ DBD၊ ဗဟိုရဲတပ်ဖွဲ့ CIB နဲ့ တာဝန်ရှိသူတွေဟာ မတ်လ ၁၀ ရက်က ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်ရှိ အုန်းသီး စက်ရုံလုပ်ငန်း ၈ နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။အဆိုပါ ကုမ္ပဏီ ၈ ခုအနက် ၂ ခုသာလျှင် ဥပ‌ဒနဲ့ညီညွတ်ပြီး ကျန်တဲ့ ၆ ခုမှာ ထိုင်းလူမျိုး အမည်ခံထားပေမဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်ကသာ ချုပ်ကိုင်စီမံထားတာကို စစ်ဆေးတွေ့ရှိတယ်။ဒါကြောင့် ကုမ္ပဏီနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံသား ၁၀ ယောက်၊ တရုတ်နိုင်ငံသား ၇ ယောက်တို့ကို ရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ ဆင့်ခေါ်စာထုတ်ထားတယ်လို့ DBD ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ DBD ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ထတ်ဖုမ်းကျာရုပရတ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

news-view-count-icon

17