back

စင်ကာပူတွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီး ၆ ဦးကို ဖုန်းဖြင့် ချောင်းကြည့်ရိုက်ကူးခဲ့သည့် အသက် ၅၃ နှစ်အရွယ် ကျောင်းဆရာတစ်ဦး တရားစွဲဆိုခံရ

Mar 12 • 2:39 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီး ၆ ဦးကို ဖုန်းဖြင့် ချောင်းကြည့်ရိုက်ကူးခဲ့သည့် အသက် ၅၃ နှစ်အရွယ် ကျောင်းဆရာတစ်ဦး တရားစွဲဆိုခံရ

စင်ကာပူနိုင်ငံက ဒေသန္တရကျောင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၃ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဟာ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး ၆ ဦးကို ၎...

စင်ကာပူနိုင်ငံက ဒေသန္တရကျောင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၃ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဟာ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး ၆ ဦးကို ၎င်းရဲ့ လက်ကိုင်ဖုန်းအသုံးပြုပြီး ချောင်းကြည့်ကာ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်‌။ အဆိုပါ အမျိုးသားဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တာဖြစ်ပြီး မတ်လ ၁၀ ရက်နေ့မှာတော့ ချောင်းကြည့်မှု ၉ မှုအပါအဝင် စုစုပေါင်း စွဲချက် ၁၁ ခုနဲ့ တရားစွဲဆိုခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်‌။နစ်နာသူ အမျိုးသမီးတွေရဲ့ အမည်နာမတွေကို ထုတ်ဖော်မပြောဖို့ တရားရုံးက အမိန့်ထုတ်ပြန်ထားတာကြောင့် အဆိုပါ အမျိုးသားရဲ့ အမည်နဲ့ ကျောင်းအသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ကြေညာထားခြင်း မရှိပါဘူး။ Mothership က မြင်တွေ့ခဲ့ရတဲ့ စွဲချက်စာလွှာတွေအရ ဒီအမျိုးသားဟာ အမျိုးသမီးအချို့ရဲ့ တင်ပါးနဲ့ ရင်သားဧရိယာတွေကို ၎င်းတို့ရဲ့ သဘောတူညီချက်မရှိဘဲ ဖုန်းနဲ့ ချောင်းကြည့်ခဲ့သလို အမျိုးသမီး ၂ ဦးရဲ့ တင်ပါးကိုလည်း ဗီဒီယိုရိုက်ကူးခဲ့တယ်လို့ သိရပါတယ်‌။ဒါ့အပြင် အဆိုပါ ကျောင်းဆရာရဲ့ လက်ကိုင်ဖုန်းထဲမှာ အမည်မသိ အမျိုးသမီး ၃ ဦးရဲ့ တင်ပါးပုံရိပ်တွေနဲ့အတူ ညစ်ညမ်းဗီဒီယိုဖိုင်ပေါင်း ၁၇၄ ဖိုင်ကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမတိုင်ခင်မှာ သိမ်းဆည်းထားတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်‌။ လက်ရှိမှာတော့ တရားခံဟာ စင်ကာပူဒေါ်လာ ၁၀,၀၀၀ နဲ့ အာမခံရရှိထားပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ တရားရုံးမှာ ပြန်လည်ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်‌။

news-view-count-icon

11