back

မွန်ပြည်နယ်၊ပေါင်မြို့ပေါ်တွင် စက်သုံးဆီပြတ်၍ ဆိုင်များ ပိတ်လိုက်ပြီဖြစ်

Mar 12 • 2:40 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ပေါင်မြို့ပေါ်တွင် စက်သုံးဆီပြတ်၍ ဆိုင်များ ပိတ်လိုက်ပြီဖြစ်

မွန်ပြည်နယ်၊ပေါင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ပေါင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်သွားသဖြင့်ယမန်နေ့( မတ်၁၁ရက်)နေ...

မွန်ပြည်နယ်၊ပေါင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ပေါင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်သွားသဖြင့်ယမန်နေ့( မတ်၁၁ရက်)နေ့ခင်းပိုင်းအထိ ဆိုင်များပိတ်ထားဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာ များက ဖော်ပြသည်။မော်လမြိုင်နှင့် ပေါင်မြို့ပေါ်ရှိ မှောင်ခိုဈေးကွက်တွင်ပါ စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာကြောင်း လည်း သိရသည်။မနေ့(မတ်၁၁ရက်)မော်လမြိုင်မြို့ 92ဓာတ်ဆီတစ်လီတာ ရည်ညွှန်းဈေးမှာ ၂,၈၇၅ကျပ်ဖြစ်ပြီး 95 တစ်လီတာ ၂,၉၅၅ကျပ်ဖြစ်ကာ ပြင်ပမှောင်ခိုဈေးကွက်၌ တစ်လီတာလျှင် ကျပ်၈,၅၀၀ ဝန်းကျင်ရှိ ကြောင်း သိရသည်။

news-view-count-icon

17