ရှမ်းပြည်နယ်၊အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။“နေ့လည်ကြီး လမ်းသွားနေတဲ့ ဆိုင်ကယ်ကိုတောင် တိုက်ပြီးလုကြတယ်။သူခိုးတွေကလည်း ထောင်ကျမှာ မကြောက်ဘူး ပြန်ထွက်လာလည်း ထပ်လုပ်တာပဲ"ဟု ကျိုင်းတုံမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ပြီးခဲ့သည့် မတ်လ ပထမပတ်အတွင်းတွင် ကျိုင်းတုံမြို့အတွင် ဆိုင်ကယ် နှစ်စီးထက်မနည်း ခိုးယူခံခဲ့ရကြောင်း ကျိုင်းတုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
| 17 | 0 | 0 | 0 |


