back

တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုက ၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း ၁၈.၃ ရာခိုင်နှုန်း မြင့်တက်

Mar 12 • 1:39 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုက ၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း ၁၈.၃ ရာခိုင်နှုန်း မြင့်တက်

၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယမန်နှစ် ကာလတူကထက် ၁၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနမှ အချက်အလက်မျာ...

၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယမန်နှစ် ကာလတူကထက် ၁၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနမှ အချက်အလက်များက မတ် ၁၀ ရက်၌ ဖော်ပြခဲ့သည်။အဆိုပါကာလအတွင်း စုစုပေါင်းကုန်စည်ကုန်သွယ်မှုပမာဏက ယွမ် ၇.၇၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၂ ထရီလီယံခန့်) ရှိခဲ့ကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။ပို့ကုန်ကဏ္ဍမှာ ယမန်နှစ် ကာလတူကထက် ၁၉.၂ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၄.၆၂ ထရီလီယံ ရှိခဲ့သလို သွင်းကုန်ကဏ္ဍသည်လည်း ၁၇.၁ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၃.၁၁ ထရီလီယံ ရှိခဲ့ကြောင်း အဆိုပါအချက်အလက်များအရ သိရသည်။

news-view-count-icon

8