back

ကရင်ပြည်နယ်၊မြဝတီမှာ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀,၀၀၀ အထိ ဈေးခုန်တက်နေ

Mar 12 • 1:48 AM

breaking-news

Myanmar

Kayin

breaking-news
cover

ကရင်ပြည်နယ်၊မြဝတီမှာ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀,၀၀၀ အထိ ဈေးခုန်တက်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ စက်သုံးဆီတွေကို အကန့်အသတ် တန်းစီစောင့်ဆိုင်းစနစ်နဲ့ ဝယ်ယူနေရဆဲဖြစ်သလို စက်သုံးဆီဈေးနှုန်း ပြင်ပပေါက်ဈေး မှောင်ခိုဈေးဟာ တစ်လီတာကို ကျပ်...

ကရင်ပြည်နယ် မြဝတီမြို့မှာ စက်သုံးဆီတွေကို အကန့်အသတ် တန်းစီစောင့်ဆိုင်းစနစ်နဲ့ ဝယ်ယူနေရဆဲဖြစ်သလို စက်သုံးဆီဈေးနှုန်း ပြင်ပပေါက်ဈေး မှောင်ခိုဈေးဟာ တစ်လီတာကို ကျပ် ၂၀၀၀၀ နီးပါးအထိ မြင့်တက်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။မတ်လ ၁၁ ရက်နေ့က မြဝတီမြို့ပေါ်က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၁၀,၀၀၀ နှုန်းနဲ့ ရောင်းချပေးနေပြီး ဆီလာရောက်ဝယ်ယူသူတွေ များပြားနေတာကြောင့် ဆိုင်ကယ်တစ်စီးကို ကျပ် ၁၅,၀၀၀ နှုန်း၊ ကားတစ်စီးကို ၄၀,၀၀၀ နှုန်းနဲ့ အကန့်အသတ် တန်းစီစောင့်ဆိုင်းစနစ်နဲ့ ဝယ်ယူနေရပါ။ မတ်လ ၁၁ ရက်နေ့မှာတော့ မြဝတီမြို့မှာ စက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကို ကျပ် ၁၀,၀၀၀၊ ၁၂,၀၀၀ အထိ ဈေးမြင့်တက်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။မြဝတီမြို့မှာ စက်သုံးဆီ မှောင်ခိုဈေး(ပြင်ပပေါက်ဈေး)ဟာ တစ်လီတာကို ၁၈,၀၀၀၊ ၁၉,၀၀၀ အထိ ဈေးပေါက်နေပြီး မှောင်ခိုဈေးဝယ်ယူရောင်းချနေသူတွေဟာ စက်သုံးဆီတွေကို ထိုင်းနိုင်ငံ မဲဆောက်ကနေ သွားရောက်ဝယ်ယူသိုလှောင်ကာ ဈေးမြင့်တင်ပြီး ပြန်လည်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။လက်ရှိ မြဝတီမြို့မှာ စက်သုံးဆီမှောင်ခိုရောင်းချမှုတွေ ကြီးမားလာနေပြီး စက်သုံးဆီဈေးနှုန်းမြင့်မားလာတာကြောင့် ရေခ၊ တက်စီခ ဈေးတက်နေတယ်လို့ မြဝတီမြို့ခံတွေက ဆိုကြပါတယ်။

news-view-count-icon

28