back

iPhone 16e စမတ်ဖုန်း အတွက် OLED စခရင်အပြားများ ၁၁ သန်းကို ကိုရီးယားမှ Samsung Display မှ ပေးသွင်းခဲ့

Mar 11 • 1:05 PM

breaking-news

South Korea

Local News

cover

iPhone 16e စမတ်ဖုန်း အတွက် OLED စခရင်အပြားများ ၁၁ သန်းကို ကိုရီးယားမှ Samsung Display မှ ပေးသွင်းခဲ့

ယမန်နှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့သည့် iPhone 16e စမတ်ဖုန်း အတွက် OLED စခရင်အပြားများ ၁၁ သန်းကို ကိုရီးယားမှ Samsung Display မှ ပေးသွင်းခဲ့သည်။iPhone 16e စုစုပေါ...

ယမန်နှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့သည့် iPhone 16e စမတ်ဖုန်း အတွက် OLED စခရင်အပြားများ ၁၁ သန်းကို ကိုရီးယားမှ Samsung Display မှ ပေးသွင်းခဲ့သည်။

iPhone 16e စုစုပေါင်း ထုတ်လုပ်သည့် အလုံးရေ၏ ၅၀% ဝန်းကျင်ကို ပေးသွင်းခဲ့ခြင်း ဖြစ်သည်။ ကိုရီးယားမှ LG Display က ၇,၅ သန်း၊ တရုတ်မှ BOE က ၃.၅ သန်း ပေးသွင်းခဲ့သည်။ ယခုနှစ် ထုတ်လုပ်သည့် iPhone 17e တွင်လည်း အလားတူ အချိုးအစားဖြင့် ၎င်းကုမ္ပဏီအသီးသီးက ပေးသွင်းကြသည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Apple သည် Samsung Display အပေါ် မှီခိုမှုကို လျှော့ချရန်အတွက် BOE မှ ပေးသွင်းသည့် OLED စခရင်အပြား ဝေစုကို တိုးမြှင့်ဖို့ ကြိုးစားခဲ့ပါသော်လည်း Apple မျှော်လင့်ထားသည့် အရည်အသွေးကို မပေးနိုင်ခဲ့ဘဲ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သည်။ 





news-view-count-icon

1