ဗုဒ္ဓဟူးနေ့ (မတ် ၁၁) တွင် အိန္ဒိယ ဟိုက်ဒရာဘတ်မှ ထိုင်းဖူးခက်လေဆိပ် သို့ ပျံသန်းသည့် Air India Expressမှ Boeing 737-300 ၏ လေယာဉ်ခရီးစဉ် AXB938 သည် နံနက် ၁၁:၄၀ နာရီတွင် ဆင်းသက်ရန် စီစဉ်ထားသောလည်း နံနက် ၁၁:၂၄ နာရီတွင် သတ်မှတ်ထားသောအချိန်ထက် စော၍ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ လေယာဉ်ပေါ်တွင် ကလေးငယ်နှစ်ဦးနှင့် လေယာဉ်အမှုထမ်းခုနစ်ဦး အပါအဝင် ခရီးသည် ၁၃၃ ဦး လိုက်ပါလာခဲ့သည်။ ဝန်ထမ်းနှင့် ခရီးသည် အားလုံး ဘေးကင်းသည်။ လေယာဉ်ပြေးလမ်း ပိတ်ထားရခြင်းကြောင့် အခြား လေယာဉ်ခရီးစဉ်များ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ လေယာဉ်ခရီးစဉ်များကို ကရာဘီနှင့် ဆူရတ်ဌာနီ အပါအဝင် အနီးနားရှိ လေဆိပ်များနှင့် ဘန်ကောက်သို့ လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့ရသည်။



