ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စက်သုံးဆီအနည်းငယ်ပြန်လည်ရရှိနေပြီးဖြစ်သော်လည်း စျေးအလွန်ကြီးပြီး လိုသလောက်မရနိုင်သောကြောင့် ကုန်စျေးနှုန်းများပါ စျေးမြင့်တက်နေသည်။ပြီးခဲ့သည့် စပါးရိတ်သိမ်းကာလတွင်လည်း စစ်တပ်က တောင်သူများကိုဦးတည်ပြီး ဒရုန်းလက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အချို့စပါးခင်းများမရိတ်သိမ်းနိုင်ခဲ့သောကြောင့် ဒေသခံများစားဝတ်နေရေး ပိုမိုအခက်တွေ့စေခဲ့သည်။



